How To Book Bus Ticket

သွားချင်တဲ့ ခရီးစဥ်ကို ရွေးချယ်ပါခင်ဗျ။


ကြိုက်နှစ်သက်ရာ ကားလိုင်းရွေးချယ်ပြီး Select ကိုနှိပ်ပါခင်ဗျ။


Booking Details လေးတွေ့ရမည့်ဖြစ်ပြီး Insurance လိုအပ်ရင် ဝယ်လို့ရပါသည်။ထို့နောက် Confrim ကိုနှိပ်ပါခင်ဗျ။


Passenger Details နှင့် Contact Details လေးဖြည့်ပြီး Continue ဆက်နှိပ်ပါခင်ဗျ။


ကြိုက်နှစ်သက်ရာ ခုံလေးရွေးပြီး Continue ဆက်နှိပ်ပါခင်ဗျ။


နှစ်သက်ရာ payment ကို ရွေးချယ်ပြီး Pay Now ကို နှိပ်၍ လက်မှတ်ဖြတ်နိုင်ပါပြီခင်ဗျ။


အောက်ဆုံးနားမှာ စာတမ်းအနီလေးနှင့် booking နောက်ဆုံးငွေချေမည့် Deadline ပါပါတယ် ခင်ဗျာ အဲဒီအချိန်မတိုင်ခင် ငွေချေပေးရပါတယ် ခင်ဗျ(မှတ်ချက်- ငွေချေချင်တဲ့ Payment ကို ရွေးပြီး Pay Now ကို နှိပ်ပြီး Paycode နံပတ်လေးတွေ ရမှသာလျှင် booking comfirm ဖြစ်ပါတယ် ခင်ဗျ)

Payment ချေပြီးသည်နှင့် လက်မှတ်လေး email ထဲဝင်လာမည်ဖြစ်ပါသည်ခင်‌ဗျ။


မြန်မာငွေနှင့် ငွေဘယ်လိုချေလို့ရမလဲ?

နောက်ဆုံး Payment ရွေးတဲ့နေရာမှာ QR Payment ကို ရွေးပြီး Pay Now ကိုနှိပ်ပေးပါ ခင်ဗျ။ Pay Code Number/QR နှင့် QR ရဲ့ Deadline လေးတွေ ပေါ်လာပါလိမ့်မယ်ခင်ဗျ။ Deadline မတိုင်ခင် QR /Pay Code/ Booking မှာထည့်ခဲ့တဲ့ ဖုန်းနံပတ် လေးတွေကို YOLO Travel4u BKK FB page နှင့် YOLO Travel4u – One Stop Travel Solution FB Page ထဲက တစ်ခုမှာ ရုံးချိန်း 09:00AM-10:00PM အတွင်း ပို့ပေးပါ ခင်ဗျ။ပို့ပေးတဲ့ Booking ထဲက Ticket Price ကို Exchange Rate နှင့် မြှောက်ပြီး မြန်မာငွေ amount ကို Yolo ရဲ့ kpay/wave/mobile banking တို့ကို ငွေချေပြီး လက်မှတ်ဖြတ်လို့ရပါပြီ ခင်ဗျာ

FB Page Link


Email မရှိရင် လက်မှတ်ကို ဘယ်လိုယူရမလဲ?

Manage Bookings မှာ Paycode,Phone Number ထည့်ပြီး လက်မှတ်ယူလို့ရပါတယ် ခင်ဗျ


ကားလက်မှတ်ဖြတ်မယ်ဆို valid passport (or) CI နှင့် visa free(or)တရားဝင်သွားလာနေထိုင်ခွင့်(visa) ရှိမှ လက်မှတ်ဖြတ်ပေးပါ ခင်ဗျာ


လက်မှတ်ဖြတ်ပြီးပြီး ကားဂိတ်(Bus Terminal)ရောက်ရင် ဘယ်လိုလုပ်ရမလဲ?

ကားဂိတ် ရောက်ရင် ကားလိုင်း counter မှာ eticket လက်မှတ်လေးပြလိုက်ရင် စီးရမဲ့ platform numberနဲ့အတူ paper ticketပြန်ထုတ်ပေးပါလိမ့်မယ်ခင်ဗျာ။အဲဒီလက်မှတ်လေးထဲမှာပါတဲ့ platform number မှာ ကားစီးရပါမယ် ခင်ဗျာ


ကားဂိတ်က ဘယ်နားမှာလဲ? ကားလိုင်း Counter ဘယ်လိုရှာရမလဲ?

ကားဂိတ်နံမည်တွေရဲ့ဘေးမှာ location ပုံလေးပါပါတယ် ခင်ဗျ။အဲဒီမှာ ကားဂိတ် map လေးကြည့်နိုင်ပါသည်ခင်ဗျ။

Website မှာရှိတဲ့ Check-in Counters မှာ ကိုယ့်စီးမယ့်ကားလိုင်းရဲ့ Counter Number ကို ရှာနိုင်ပါသည်ခင်ဗျ။English လိုပြောင်းကြည့်ပေးပါခင်ဗျ။


ကားဂိတ်ကို အချိန်ဘယ်လောက် စောရောက်ရမလဲ?

ကားဂိတ်ကို ကားမထွက်ချိန် မိနစ် ၃၀ လောက် ကြိုရောက်ပြီး Counter မှာ Physical Ticket လေးထုတ်လိုက်ပါခင်ဗျ။


လက်မှတ်ဖြတ်ပြီးရင် Rebooking နှင့် Refund ရလား?

Booking Search လုပ်ရင် ထွက်ချိန်တစ်ခုချင်းစီမှာ ပုံပါအတိုင်း

Rebooking, Refund ရရင် အမှန်ခြစ်/မရရင် အမှားခြစ်ပုံစံလေးပြထားပါတယ်ခင်ဗျ။

ဘယ်နာရီကြိုပြီး Rebooking, Refund လုပ်ရမည်ဆိုတာ ဘေးနားက Symbol လေးမှာ ကြည့်နိုင်ပါသည်ခင်ဗျ။

လက်မှတ်ဖြတ်ပြီးသွားလို့ Booking ပြန်ကြည့်ချင်ရင် Manage Bookings မှာ Paycode, Phone Number ထည့်ပြီး ကြည့်နိုင်ပါသည်ခင်ဗျ။